ဖွဲစည်းပုံအခြေခံဥပဒေကို မဲပေးကြရန် ထိုင်းဝန်ကြီးအဖွဲ့လှုံ့ဆော်
NEJ / ၈ သြဂုတ် ၂၀၀၇
line
ထိုင်းစစ်အစိုးရက ၎င်းတို့ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန္ဒခံယူပွဲပြုလုပ်ချိန်တွင် မဲပေးကြရန် တိုက်တွန်းအားပေးသည့်အနေဖြင့် လှုံ့ဆော်ပွဲတခုကို လာမည့်ရက်သတ္တပတ်တွင် ပြုလုပ်မည်ဖြစ်သည်။
လှုံ့ဆော်ပွဲကို ယခုလ (၁၃) ရက်တွင် ပြုလုပ်ရန် ယမန်နေ့က ကျင်းပသည့် ၀န်ကြီးအဖွဲ့ အပတ်စဉ် အစည်းအဝေး၌ ဆွေးနွေးခဲ့ကြောင်း ၀န်ကြီးချုပ်ရုံး ၀န်ကြီး ဒီပါ့ဝဒီမက်စ၀န်က ထိုင်းသတင်း အေဂျင်စီကို ပြောသည်။
“အဲဒီ လှုံ့ဆော်ပွဲမှာ ပြည်ထဲရေးဝန်ကြီး၊ ၀န်ကြီးချုပ် ဆူရာယွတ်ချူလာနွန့်နဲ့ တခြားဝန်ကြီးတွေလည်း ပါမှာဖြစ်ပြီး သူတို့ဟာ ရွိုင်ရယ်ပလာဇာကနေ ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်ဆီကို ချီတက် ကြမှာပါ” ဟု ၎င်းက ပြောသည်။
အလားတူပွဲများကို ထိုင်းနိုင်ငံတ၀န်း အခြားနေရာများတွင်လည်း ပြုလုပ်မည်ဖြစ်ပြီး လူထုအနေဖြင့် ယခုလ (၁၉) တွင်ပြုလုပ်မည့် ဆန္ဒခံယူပွဲကို ပိုမိုသတိပြုမိလာနိုင်ရန် လှုံ့ဆော်ပွဲနှင့်ပတ်သက်၍
ရုပ်မြင်သံကြားနှင့် ရေဒီယိုဌာနများမှ လွှင့်ထုတ်ပေးကြရန်အတွက်လည်း တောင်းဆိုမည်ဟု
ဝန်ကြီးချုပ်ရုံးဝန်ကြီးက ပြောသည်။
အာဏာသိမ်း ခေါင်းဆောင်နှင့် နိုင်ငံတော်လုံခြုံရေးကောင်စီအကြီးအကဲ ဗိုလ်ချုပ်ကြီးဆွန်ထိက ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရန် ပထမခြေလှမ်းဟုပြောခဲ့သော မကြာမီကျင်းပတော့မည့် ဖွဲ့စည်းပုံဆိုင်ရာ လူထုဆန္ဒခံယူပွဲတွင် မဲပေးနိုင်သူ စုစုပေါင်း၏ တ၀က်ကျော် မဲပေးမည်ဟု ၀န်ကြီး
အဖွဲ့က မျှော်လင့်သည်။
ဆန္ဒခံယူပွဲရက်အပြီး နောက်တနေ့ဖြစ်သော ယခုလ (၂၀) ရက်ကို အားလပ်ရက်အဖြစ် သတ်မှတ် ပေးရန် ရွေးကောက်ပွဲကော်မရှင်၏ တင်ပြချက်ကို အဆိုပါ ၀န်ကြီးအဖွဲ့အစည်းအဝေးက အတည်ပြု သော်လည်း ဘဏ်များနှင့် ငွေကြေးဆိုင်ရာအဖွဲ့အစည်းများကိုမူ ဖွင့်လှစ်ထားမည်ဖြစ်သည်။
အဖျက်သိမ်းခံရသည့် ထိုင်းရတ်ထိုင်းပါတီအဖွဲ့ဝင်များက ဆန္ဒခံယူပွဲတွင် မဲမပေးကြရန် လှုံ့ဆော် နေသည်။ ။
မုန်တိုင်းသင့်ဒေသ လူ (၂) သိန်းခန့် သောက်သုံးရေအခက်အခဲဖြစ်
စိုးမိုး |နွေရာသီတွင် နာဂစ်မုန်တိုင်းသင့်ဒေသ၌ လူဦးရေ (၁) သိန်း (၈) သောင်းခန့် သောက်သုံးရေ အခက်အခဲ တွေ့ကြုံနေရဆဲ ဖြစ်ကြောင်း သုံးပွင့်ဆိုင်အဖွဲ့က ပြောကြားသည်။
နာဂစ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ဖွဲ့စည်းထားသည့် ကုလသမဂ္ဂ၊ အာဆီယံနှင့် မြန်မာစစ်အစိုးရ ပူးပေါင်းဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင်အဖွဲ့က ယခုလ ဒုတိယပတ်တွင်ပြုလုပ်သည့် အကူးအပြောင်းကာလ ဗျူဟာများ ဆွေးနွေးပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
“မုန်တိုင်းသင့်မြို့နယ် (၃) ခုထဲက ကျေးရွာ (၁၁၂) ရွာမှာ နေထိုင်သူ (၁၈၀,၀၀၀) လောက်ဟာ နွေရာသီကာလတွေဖြစ်တဲ့ မတ်လနဲ့ ဧပြီလမှာ သောက်သုံးရေ အခက်အခဲနဲ့ တွေ့နေရဆဲ ဖြစ်တယ်” ဟု သုံးပွင့်ဆိုင်အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။
“ရေအခက်အခဲ ရှိတာကတော့ အမှန်ပဲ။ အခု လပွတ္တာ ပင်လယ်ပိုင်း ရွာတွေဆိုရင် သောက်ရေရဖို့ မြစ်တွေဘက်ကို စက်လှေနဲ့သွားပြီး ယူရတဲ့အထိ ဖြစ်နေတာတွေ ရှိနေတယ်။ အရင်ကတော့ ရေကန်တွေ အားထားတာ၊ အခုက ရေကန်တွေက တချို့ရွာတွေ ပြင်တာပြီးပေမယ့် တချို့ရွာတွေ မပြီးသေးဘူး။ အဓိက မိုးရေလှောင်ကန်တွေ လုပ်ပေးနိုင်ဖို့တော့ လိုအပ်နေတာ အမှန်ပဲ” ဟု လပွတ္တာမြို့နယ် ပြင်စလူဒေသခံတဦးက ပြောသည်။
ဧရာဝတီတိုင်းအတွင်း ပင်လယ်နှင့်နီးသည့် ဒေသတို့တွင် ယခင်ကာလများကတည်းက နွေရာသီ၌ သောက်သုံးရေ အခက်အခဲ ရှိနေပြီး ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်များ အပါအ၀င် နိုင်ငံတကာ အကူအညီများဖြင့် မိုးရေလှောင်ကန်များ၊ ကိုယ်ထူကိုယ်ထ ရေချိုသိုလှောင်ကန်များ တည်ဆောက် အားထားခဲ့ရသော်လည်း နာဂစ်ဆိုင်ကလုန်းကြောင့် ပျက်စီးခဲ့ရခြင်း ဖြစ်သည်။
၂၀၀၉ ခုနှစ်က မုန်တိုင်းသင့်ဒေသများတွင် လူဦးရေ (၃) သိန်း (၆) သောင်းခန့် သောက်သုံးရေ မလုံလောက်မှုရှိခဲ့ပြီး ယခုနှစ်တွင် (၁) သိန်း (၈) သောင်းခန့်သာ ရှိတော့သည့်အတွက် သောက်သုံးရေ လိုအပ်ချက် (၅၀) ရာခိုင်နှုန်း ဖြည့်ဆည်းပေးနိုင်ခဲ့သည်ဟု သုံးပွင့်ဆိုင်အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြသည်။
သို့သော် နာဂစ်မုန်တိုင်းသင့်ဒေသများတွင် သောက်သုံးရေ မလုံလောက်မှုအပြင် စီးပွားရေးလုပ်ငန်းများ၊ စားဝတ်နေရေးအတွက် အခြေခံလိုအပ်ချက်များပင် ပြည့်မီခြင်းမရှိသေးကြောင်း ဖျာပုံအခြေစိုက် ပြည်တွင်းအန်ဂျီအိုတခုက ပြောသည်။
သုံးပွင့်ဆိုင်အဖွဲ့သည် နာဂစ်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လာမည့် ဇူလိုင် (၃၁) ရက်တွင် အဆုံးသတ်ပြီး စစ်အစိုးရ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနသို့ လုပ်ငန်းများ လွှဲပြောင်းပေးရမည် ဖြစ်သည်။
Pages
အားလုံးကိုချစ်ခင်လေးစားလျှက် ဒီဂျေမောင်မောင်မှနွေးထွေးစွာကြိုဆိုပါ၏
သတင်း
Subscribe to:
Posts (Atom)