ယောက်ျားလေးတွေ ငိုတာ တကယ်ချစ်လို့ ဖြစ်တယ် မိန်းကလေးတွေ ငိုတာ တကယ်စွန့်လွှတ်ရလို့ ဖြစ်တယ်
အားလုံးကိုချစ်ခင်လေးစားလျှက် ဒီဂျေမောင်မောင်မှနွေးထွေးစွာကြိုဆိုပါ၏

Thursday, March 25, 2010

မင်းပါချစ်သူ

အချစ်ဦး မဖြစ်ခဲ့ပေမယ့်
ကိုယ့်အတွက် ပထဆုံးလက်တွဲဖြစ်ခဲ့တာ
မင်းပါချစ်သူ။

အချစ်ဦး မဖြစ်ခဲ့ပေမယ့်
ကိုယ့်နှလုံသားက ဖွင့်ဟတဲ့စကားကို
ပထမဆုံးကြားခဲ့ရတာ မင်းပါချစ်သူ။

အချစ်ဦး မဖြစ်ခဲ့ပေမယ့်
ကိုယ့်ရဲ့ခါးကို လက်တစုံနဲ့
သိမ်းဖက်ခဲ့ရတာ မင်းပါချစ်သူ။

အချစ်ဦး မဖြစ်ခဲ့ပေမယ့်
ကိုယ့်ရဲ့ ပထမဆုံးအနမ်းကို
လက်ခံရရှိခဲ့တာ မင်းပါချစ်သူ။

အချစ်ဦး မဖြစ်ခဲ့ပေမယ့်
ကိုယ့်ရဲ့ ရင်ခွင်ကို
မှီခိုခွင့်ရခဲ့တာ မင်းပါချစ်သူ။

အချစ်ဦး မဖြစ်ခဲ့ပေမယ့်
ကိုယ့်ရဲ့ စိတ်အစဉ်ကို
ဖမ်းစားနိုင်ခဲ့တာ မင်းပါချစ်သူ။

မပီဝိုးတ၀ါးနဲ့ တိတ်တခိုးအဖြစ်နဲ့
အချစ်ဦးကို မျှော်လင့်ခဲ့တဲ့အချိန်တွေထက်
မင်းရဲ့ လက်ကိုတွဲပြီး သောင်ပြင်ပေါ်မှာ
လျှောက်ခဲ့တဲ့ အချိန်တွေကို
ငါ.. ပိုမက်မောတယ်ချစ်သူ။

0 comments:

ဒီဂျေမောင်မောင် ရေဒီယို

ပုံ

Photobucket ရေဒီယိုတွင် မိမိစိတ်ကြိုက် သီချင်းတောင်းလို သူများ dj.mgmg@gmail.com ကို မိမိ gtalk တွင် add ပြီးစိတ်ကြိုက် သီချင်းများကို တောင်းဆိုနိုင်ပါသည်.....မိမိ ချစ်သောသူအား သီချင်းလေးများတောင်းဆိုပြီး အလွမ်းဖြေနိုင်ကြပါစေ