လူတော်တော်များများ အသဲကွဲဖူးမှာပါ။
အသဲကွဲရင် လုပ်သင့်တဲ့အရာလေးတွေကို ကြားဖူးနားဝရေးသားတင်ပြလိုက်တာပါ.. အဟဲ
စမ်းသပ်ကြည့်ပေါ့နော့်... ကျနော်ကိုယ့်တိုင်အသည်းကွဲပြီးလုပ်ဆောင်နေသူပါ.........
၁။ ထိုင်ငိုလိုက်ပါ ။ ကလေးတစ်ယောက်လို အားပြဲနဲ့ ငိုပါ။ ကြိတ်မငိုပါနဲ့ ရင်ဘတ်တွေ နာလိမ့်မယ်။ သင်ချစ်သလောက်ငိုပါ။ သေချာတာကတော့
၂ရက်ထက်မပိုဘူး ဆိုတာကိုပါ။
၂။ ပြီးရင် လုပ်သင့်တာများကို ဆက်ဆောင်ရွက်ပါ။ အသဲကွဲနေတာနဲ့ အလုပ်မပြီးပါဘူး။ ဘ၀မှာ လုပ်စရာတွေ အများကြီးထပ်ရှိနေသေးတာကတော့
အသေချာဆုံးပါဘဲ။
၃။ အလုပ်ရှုပ်ပေးပါ။ အလုပ်ရှုပ်နေလျှင် သင်ချစ်သူကို သင်လည်း မေ့သွားပါလိမ့်မယ်။
၎။ ရေချိုးပါ။ ရေစိမ်ပါ။ လှလှပပလေးနေပါ။ ပြီးရင် မှန်ကြည့်ပြီး ကိုယ့်ကိုယ်ကို ချီးမွမ်းပါ။
ဥပမာ - ဒီလောက်လှတဲ့ငါလိုလူကို ထားသွားတာလို့ ပြောပါ။
၅။ ထမင်း၀၀ စားပါ။ အစာအိမ်နဲ့ အသည်းနှလုံးနဲ့ တခြားဆီပါ ။ အစာအိမ်ကို ဒုကွမပေးပါနဲ့။
၆။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေပါ။ သင်လည်း တဖြည်းဖြည်းမေ့သွားပါလိမ့်မယ်။
၇။ အားကစားလုပ်ပါ။ ညအိပ်ခါနီးအချိန်က ချစ်သူကို သတိအရဆုံးအချိန်ဖြစ်ပါတယ် မောမောနဲ့ အိပ်ပျော်သွားရင် သင်လည်း သူ့ကို
သတိမရတော့ဘူးပေါ့။
၈။ အဆင်မပြေသော အိမ်ထောင်ရေးသို့သွားပြီး ယောင်္ကျားမကောင်းကြောင်းနားထောင်ပါ။
(ယောကျာင်္းဖြစ်လျှင် မိန်းမ မကောင်းကြောင်းနားထောင်ပါ)
ဒါဆိုရင် သင့်အသည်းကွဲရောဂါလည်း ပျောက်သလောက်ဖြစ်သွားပါလိမ့်မယ်။
Pages
အားလုံးကိုချစ်ခင်လေးစားလျှက် ဒီဂျေမောင်မောင်မှနွေးထွေးစွာကြိုဆိုပါ၏
Friday, July 30, 2010
အသဲကွဲသူများအတွက်လိုက်နာလုပ်ဆောင်ရန်အချက်အလက်မျာ:
Posted by
mgmg
at
10:55 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment