ယောက်ျားလေးတွေ ငိုတာ တကယ်ချစ်လို့ ဖြစ်တယ် မိန်းကလေးတွေ ငိုတာ တကယ်စွန့်လွှတ်ရလို့ ဖြစ်တယ်
အားလုံးကိုချစ်ခင်လေးစားလျှက် ဒီဂျေမောင်မောင်မှနွေးထွေးစွာကြိုဆိုပါ၏

Sunday, August 1, 2010

အချစ်ပေးသောအမုန်းလက်ဆောင်

ထားခဲ့ပါချစ်သူ

တကယ်တော့--

အခြေမတူတဲ့ဘ၀နှစ်ခုကြား

ညီမျှခြင်းအချမှားသူက ကိုယ်ပါ

အရာရာဟာ မင်းဘက်ကကြည့်ရင်အပြစ်

ကိုယ့်ဘက်ကကြည့်ရင်အချစ်မို့

ကြေကွဲမှူ ဝေဒနာအတွက်

အဖြေလည်းညှိ မရှာချင်ပါ

ပြန်မပြောချင်တဲ့

သံယောဇဉ် အချို့အတွက်

မင်းပေးတဲ့တစ်သက်စာအမုန်းကိုပဲ

လက်ဆောင်အဖြစ်

တစ်သက်ဆောင် သိမ်းပါ့မယ်

Friday, July 30, 2010

အသဲကွဲသူများအတွက်လိုက်နာလုပ်ဆောင်ရန်အချက်အလက်မျာ:

လူတော်တော်များများ အသဲကွဲဖူးမှာပါ။
အသဲကွဲရင် လုပ်သင့်တဲ့အရာလေးတွေကို ကြားဖူးနားဝရေးသားတင်ပြလိုက်တာပါ.. အဟဲ
စမ်းသပ်ကြည့်ပေါ့နော့်... ကျနော်ကိုယ့်တိုင်အသည်းကွဲပြီးလုပ်ဆောင်နေသူပါ.........

၁။ ထိုင်ငိုလိုက်ပါ ။ ကလေးတစ်ယောက်လို အားပြဲနဲ့ ငိုပါ။ ကြိတ်မငိုပါနဲ့ ရင်ဘတ်တွေ နာလိမ့်မယ်။ သင်ချစ်သလောက်ငိုပါ။ သေချာတာကတော့
၂ရက်ထက်မပိုဘူး ဆိုတာကိုပါ။

၂။ ပြီးရင် လုပ်သင့်တာများကို ဆက်ဆောင်ရွက်ပါ။ အသဲကွဲနေတာနဲ့ အလုပ်မပြီးပါဘူး။ ဘ၀မှာ လုပ်စရာတွေ အများကြီးထပ်ရှိနေသေးတာကတော့
အသေချာဆုံးပါဘဲ။

၃။ အလုပ်ရှုပ်ပေးပါ။ အလုပ်ရှုပ်နေလျှင် သင်ချစ်သူကို သင်လည်း မေ့သွားပါလိမ့်မယ်။

၎။ ရေချိုးပါ။ ရေစိမ်ပါ။ လှလှပပလေးနေပါ။ ပြီးရင် မှန်ကြည့်ပြီး ကိုယ့်ကိုယ်ကို ချီးမွမ်းပါ။
ဥပမာ - ဒီလောက်လှတဲ့ငါလိုလူကို ထားသွားတာလို့ ပြောပါ။

၅။ ထမင်း၀၀ စားပါ။ အစာအိမ်နဲ့ အသည်းနှလုံးနဲ့ တခြားဆီပါ ။ အစာအိမ်ကို ဒုကွမပေးပါနဲ့။

၆။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေပါ။ သင်လည်း တဖြည်းဖြည်းမေ့သွားပါလိမ့်မယ်။

၇။ အားကစားလုပ်ပါ။ ညအိပ်ခါနီးအချိန်က ချစ်သူကို သတိအရဆုံးအချိန်ဖြစ်ပါတယ် မောမောနဲ့ အိပ်ပျော်သွားရင် သင်လည်း သူ့ကို
သတိမရတော့ဘူးပေါ့။

၈။ အဆင်မပြေသော အိမ်ထောင်ရေးသို့သွားပြီး ယောင်္ကျားမကောင်းကြောင်းနားထောင်ပါ။
(ယောကျာင်္းဖြစ်လျှင် မိန်းမ မကောင်းကြောင်းနားထောင်ပါ)



ဒါဆိုရင် သင့်အသည်းကွဲရောဂါလည်း ပျောက်သလောက်ဖြစ်သွားပါလိမ့်မယ်။

Thursday, July 29, 2010

မုန်းတယ်

မုန်းတယ်.. မုန်းတယ်..အရမ်းမုန်းတယ်..

နင့်အပေါ် မမုန်းနိုင်တဲ့..ငါ့နှလုံးသားကိုလည်း မုန်းတယ်..

နင့်ရဲ့ စိမ်းကားလွန်းတဲ့စကားတွေကို..တလေးတနက်လက်ခံတတ်တဲ့..

ငါ့အသိစိတ်ကိုလည်း မုန်းတယ်..နင် တစ်ယောက်တည်း..

အရမ်းချစ်မယ်ဆိုတဲ့..ငါ့ ဆုံးဖြတ်ချက်ကိုလည်း မုန်းတယ်..

နင် မချစ်လည်း..ဆက်ချစ်နေမယ်ဆိုတဲ့..ငါ့သစာကိုလည်း မုန်းတယ်..

အရမ်းချစ်ဖို့ကောင်းတဲ့..နင့်ကို..နင့်ကိုတော့..ငါ လုံးဝမမုန်းရက်ပါဘူး..

နင်နဲ့ ပတ်သက်သမျှ..အရာရာကို..နားလည်ပေးနိုင်လွန်းတဲ့..

ငါ့ကိုယ်ငါသာ..ပက်ပက်စက်စက်မုန်းနေတာပါ..

Photobucket


တယ်လီဖုန်းနဲ့ ချစ်သူရှာချင်တဲ့သူတွေ..online ပေါ်မှာ..ချစ်သူရှာချင်တဲ့..သူတွေ..သတိပြုစရာပါနော်...





မိနစ်တိုင်းသတိရနေမယ်ဆိုတဲ့ချစ်သူရေ

မင်းနာရီဟာမပျက်ဘူးလို့အာမခံလား

ဒါဆိုမင်းအတွေးနုသေးတယ်



Photobucket


Photobucket

နှုတ်ဆက်ခဲ့ပါတယ် ချစ်သူ

မင်းနဲ့ ပတ်သက်သမျှ..

အရာရာကို နှုတ်ဆက်လိုက်ပါပြီ..

ငါ့ရင်ဘတ် နှလုံးသွေးစက်တိုင်းမှာ..

စွန်းထင်နေတဲ့ တစ်ခုတည်းသော..

နင့်နာမည်ကိုလည်း..

မရရအောင် ဖျောက်ပစ်တော့မှာပါ ချစ်သူ...



ငါနဲ့ ပတ်သက်သမျှအရာရာကိုလည်း..

အရင်လိုပဲ..

စွန့်ပစ်နိုင်ပါစေ..

အရင်လိုပဲ..

စိမ်းကားနိုင်ပါစေ ချစ်သူ..



နင့်ကြောင့်..

ငိုကြွေးခဲ့ရတာတွေ..

နင့်ကြောင့်..

နေ့ရက်တွေထဲ..

ခေါင်းမဖော်နိုင်ခဲ့တာတွေ..

ငါ မခံစားနိုင်တော့ဘူး ချစ်သူ..



နင်မပါတော့တဲ့..

လမ်းတွေပေါ်..

ငါ တစ်ယောက်တည်း..

ထွက်သွားပါတော့မယ်..

နှုတ်ဆက်ခဲ့ပါတယ် ချစ်သူ...

Wednesday, April 7, 2010

မောင်မောင်ကအသဲကွဲတာမပာုတ်ပါဘူး မောင်မောင်ရဲ့ မျှော်လင့်ချက်အိမ်မက်လေးပျက်စီးသွားတာပါ

Photobucket


တစ်ခါကတော့ အချစ်ကို ရခဲ့ဖူးတယ်..........ဒါပေမယ့် ငါ ဘာမှမသိလိုက်ချိန် မှာ အချစ်က ငါ့ ဘ၀ထဲက ထွက်သွားတယ်။
အထီကျန် ၀မ်းနည်းခြင်းကို ခံစားနေရပါတယ်.

Thursday, March 25, 2010

မင်းပါချစ်သူ

အချစ်ဦး မဖြစ်ခဲ့ပေမယ့်
ကိုယ့်အတွက် ပထဆုံးလက်တွဲဖြစ်ခဲ့တာ
မင်းပါချစ်သူ။

အချစ်ဦး မဖြစ်ခဲ့ပေမယ့်
ကိုယ့်နှလုံသားက ဖွင့်ဟတဲ့စကားကို
ပထမဆုံးကြားခဲ့ရတာ မင်းပါချစ်သူ။

အချစ်ဦး မဖြစ်ခဲ့ပေမယ့်
ကိုယ့်ရဲ့ခါးကို လက်တစုံနဲ့
သိမ်းဖက်ခဲ့ရတာ မင်းပါချစ်သူ။

အချစ်ဦး မဖြစ်ခဲ့ပေမယ့်
ကိုယ့်ရဲ့ ပထမဆုံးအနမ်းကို
လက်ခံရရှိခဲ့တာ မင်းပါချစ်သူ။

အချစ်ဦး မဖြစ်ခဲ့ပေမယ့်
ကိုယ့်ရဲ့ ရင်ခွင်ကို
မှီခိုခွင့်ရခဲ့တာ မင်းပါချစ်သူ။

အချစ်ဦး မဖြစ်ခဲ့ပေမယ့်
ကိုယ့်ရဲ့ စိတ်အစဉ်ကို
ဖမ်းစားနိုင်ခဲ့တာ မင်းပါချစ်သူ။

မပီဝိုးတ၀ါးနဲ့ တိတ်တခိုးအဖြစ်နဲ့
အချစ်ဦးကို မျှော်လင့်ခဲ့တဲ့အချိန်တွေထက်
မင်းရဲ့ လက်ကိုတွဲပြီး သောင်ပြင်ပေါ်မှာ
လျှောက်ခဲ့တဲ့ အချိန်တွေကို
ငါ.. ပိုမက်မောတယ်ချစ်သူ။

ဒီဂျေမောင်မောင် ရေဒီယို

ပုံ

Photobucket ရေဒီယိုတွင် မိမိစိတ်ကြိုက် သီချင်းတောင်းလို သူများ dj.mgmg@gmail.com ကို မိမိ gtalk တွင် add ပြီးစိတ်ကြိုက် သီချင်းများကို တောင်းဆိုနိုင်ပါသည်.....မိမိ ချစ်သောသူအား သီချင်းလေးများတောင်းဆိုပြီး အလွမ်းဖြေနိုင်ကြပါစေ